Saturday, 18 May 2013

အမှန်တကယ် စိတ်ချမ်းသာမှု့ ကို လိုချင်တယ်ဆိုရင်....

လောက လူသားအားလုံးဟာ ချမ်းသာစစ် ချမ်းသာမှန်ကို အမြဲတစေ ရှာဖွေနေကြတယ် မဟုတ်လား....?
အမှန်တကယ် စိတ်ချမ်းသာမှု့ ကို လိုချင်တယ်ဆိုရင်....
စိတ်ရဲ့လွတ်လပ်မှု့ ၊ ပျော်ရွှင်မှု့ ၊ စိတ်ချမ်းသာမှု့ တွေကို လိုချင်တယ်ဆိုရင် စိတ်ကိုအနှောင်အဖွဲ့ ဖြစ်စေမယ့်...အကြံအစည် အပြောအဆို အပြုအမှုတွေကို ရှောင်ကြဉ်ရမယ်။
စိတ်ကိုအနှောင်အဖွဲ့ ဖြစ်စေမယ့် အကြံအစည်တွေကတော့...
မနောဒုစရိုက်(၃)ပါးပါ....
၁။အဘိဈ္ဇာ-သူတစ်ပါး စည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်အောင် မတရား ကြံစည်ခြင်း၊
၂။ဗျာပါဒ- သူတစ်ပါးတို့ အား ဆုတ်ယုတ်ပျက်စီးစေလိုခြင်း၊
၃။မိစ္ဆာဒိဌိ- မှားသော အယူဝါဒရှိခြင်းတို့ ဖြစ်ကြတယ်။
စိတ်ကိုအနှောင်အဖွဲ့ ဖြစ်စေမယ့် အပြောအဆိုတွေကတော့...
ဝစီဒုစရိုက်(၄)ပါးပါ...
၁။မုသာဝါဒ- မဟုတ်မမှန် ပြောဆိုခြင်း၊
၂။ပိသုဏ၀ါစာ- ကုန်းတိုက်သော စကားကို ဆိုခြင်း၊
၃။ဖရုသ၀ါစာ- ကြမ်းတမ်းသော စကားကို ဆိုခြင်း၊
၎။သမ္ဖပ္ပလာပ၀ါစာ- ပြိန်ဖျင်းသော စကားကို ဆိုခြင်းတို့ ဖြစ်ကြတယ်။
စိတ်ကိုအနှောင်အဖွဲ့ ဖြစ်စေမယ့် အပြုအမှုတွေကတော့...
ကာယဒုစရိုက်(၃)ပါးပါ...
၁။ပါဏာတိပါတ- သူ့ အသက်ကို သတ်ခြင်း၊
၂။အဒိန္နာဒါန- သူ့ ဥစ္စာကို ခိုးခြင်း၊
၃၊ကာမေသုမိစ္ဆာစာရ- ကာမတို့ ၌ မှားသောအားဖြင့် ကျင့်ခြင်းတို့ ဖြစ်ကြတယ်။
ဒီမကောင်းမှု့ တွေကို နေ့ စဉ် ရှောင်ကြဉ်နေမယ်ဆိုရင် စိတ်ရဲ့လွတ်လပ်မှု့ ၊ပျော်ရွှင်မှု့ ၊စိတ်ချမ်းသာမှု့ တွေကို မုချဧကန်ရရှိမှာပါ...
စေတနာများစွာဖြင့်....
                      အရှင်မဏ်(မင်း+မဟာ)

သင့်ရဲ့စကားတခွန်းလက်ဆောင်