Sunday 26 February 2012
.....အလျှော်အစား......
လောကကြီးသည် သူ့ ဘာသာသူ အပြည့်အ၀ ဟန်ချက်မျှတ၍
အစီအစဉ်ကျနစွာ ရပ်တည်ပြီးသား ဖြစ်လေသည်...
သို့ ဖြစ်ပါ၍....
သင်ပြုသမျှ အရာအားလုံးအတွက် တူညီသောတုံ့ ပြန် "အလျှော်အစား" ကို
လောကကြီးထံမှ သင်သည် မလွဲမသွေ ပြန်လည်ရရှိမြဲဖြစ်သည်...
သင်ကများများပေးနိုင်လေလေ များများပိုရလေလေ ဖြစ်မည်...
အကောင်းအဆိုးမှာမူ သင်ပေးသောအရာပေါ်၌သာ မူတည်မည်....
ဒါကြောင့်.....
သင်က လောကကြီးကို အကောင်းဆုံးတွေ ပေးတယ်ဆိုရင်....
လောကကြီးကလဲ သင့်ကိုအကောင်းဆုံးတွေ ပြန်လည်ပေးပါလိမ့်မည်....
သင်ကိုယ်တိုင် သေချာဆုံးဖြတ် လုပ်ဆောင်သင့်သည် မဟုတ်ပါလော့....
စေတနာများစွာဖြင့်.....
စုစည်းတင်ပြ......
အရှင်မဏ်.......
သို့ 
မင်းမဟာ.....
Saturday 25 February 2012
.....အောင်မြင်မှု့ နဲ့ ကျရှုံးမှု့ ဟူသည်.....
လူသားတိုင်းသည် မွေးဖွါးလာထဲက အောင်မြင်မှု့ -ကျရှုံးမှု့ တို့ ကိုယူဆောင်လာခဲ့ကြသည်မဟုတ်ပါ....
မွေးဖွါးပြီးနောက်...မိမိတို့ ၏ကြိုးစားမှု့ -မကြိုးစားမှု့ အပေါ်မှာ အခြေခံပြီး
အောင်မြင်မှု့  နှင့် ကျရှုံးမှု့ တို့ ကိုတွေ့ ကြုံပိုင်ဆိုင်ကြရသည်.....
ဒါကြောင့်...........
မိမိဘ၀၏ အောင်မြင်မှု့ -ကျရှုံးမှု့ တို့ သည် ဘယ်သူ့ အပြစ်ကြောင့်မှ မဟုတ်ပါ.....
ဘယ်သူ့ ကိုမှ လက်ညိုးထိုးပြစရာမလိုပါ....
မိမိဘ၀၏ အောင်မြင်မှု့ -ကျရှုံးမှု့ ၏ အဓိကတရားခံ ပဲ့ကိုင်ရှင်မှာ
မိမိကိုယ်တိုင်သာဖြစ်သည်ဟု....ယုံကြည်လက်ခံထားပါ...
စေတနာများစွာဖြင့်......
စုစည်းတင်ပြ......
အရှင်မဏ်....
(သို့ )
မင်းမဟာ.....
Friday 24 February 2012
........ပေးကမ်းစွန့် ကြဲခြင်းရဲ့အကျိုး(၇)မျိုး.........
ပေးကမ်းစွန့် ကြဲခြင်းကြောင့်...........
၁။မယဉ်ကျေးသူတွေကို ယဉ်ကျေးစေနိုင်ခြင်း...
၂။အရာခပ်သိမ်းကိုပြီးစေနိုင်ခြင်း...
၃။မိမိသည် အထက်သို့ ရောက်ရှိခြင်း....
၎။မိမိနောက်သို့  သူတစ်ပါးတို့ လိုက်ပါလာခြင်း...
၅။အခြံအရံ ပေါများခြင်း...
၆။အများတကာရဲ့ ချစ်ခင်မြတ်နိုးမှု့ ကိုရရှိခြင်း...
၇။ဂုဏ်သတင်းကျော်ဇော ပြန့် နှံ့ ခြင်း....
လောကနီတိမှ.....
စေတနာများစွာဖြင့်....
စုစည်းတင်ပြ....
အရှင်မဏ်......
(သို့ )...မင်းမဟာ...
Thursday 23 February 2012
.....စီးပွါးဥစ္စာ တိုးတက်ကြီးပွါးချင်တယ်ဆိုရင်.....
လူသားတိုင်းဟာ စီးပွါးဥစ္စာ တိုးတက်ကြီးပွါးချင်ကြတယ် မဟုတ်လား.......
ဘုရားရှင်က လူသားတွေအားလုံး စီးပွါးဥစ္စာတွေ တိုးတက်ချမ်းသာချင်တယ်ဆိုရင်ဖြင့်
သမ္ပဒါန်တရား(၄)ပါးနဲ့  ပြည့်စုံရမယ်လို့ ဟောမိန့် တော်မူခဲ့ပါတယ်...
၁။ဥဌာနသမ္ပဒါ....ထကြွလုံးလ ၀ီရိယနှင့် ပြည့်စုံရမယ်...
၂။အာရက္ခသမ္ပဒါ....ရရှိလာတဲ့စီးပွါးဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပြည့်စုံရမယ်...
၃။သမဇီဝိတသမ္ပဒါ....မျှတစွာ အသက်မွေးမှု့ နှင့် ပြည့်စုံရမယ်...
၎။ကလျာဏမိတ္တသမ္ပဒါ....ပညာရှိမိတ်ဆွေကောင်းနှင့် ပြည့်စုံရမယ်...
ဒီသမ္ပဒါတရား(၄)ပါးနှင့်ပြည့်စုံတဲ့လူတွေဟာ စီးပွါးဥစ္စာတွေ တိုးတက်ချမ်းသာနိုင်ကြပါလိမ့်မယ်...
မိမိတို့ ရှေ့ မှောက်မှာ ချမ်းသာနေသူတွေကို သေချာသုံးသပ်ကြည့်ပါ
ဒီသမ္ပဒါတရား(၄)ပါးနဲ့ ပြည့်စုံနေတာကိုတွေ့ ရပါလိမ့်မယ်.....
စေတနာများစွာဖြင့်.....
စုစည်းတင်ပြ....
အရှင်မဏ်......
မင်းမဟာ...
Wednesday 22 February 2012
......တကယ်ချမ်းသာချင်တယ်ဆိုရင်........
ရှင်ဘဲဖြစ်ဖြစ် ရဟန်းဘဲဖြစ်ဖြစ် လူသားတွေဘဲဖြစ်ဖြစ် အမှန်တကယ်ချမ်းသာချင်တယ်ဆိုရင်တော့...
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်(၂)ပါးကိုလိုက်နာကျင့်သုံးကြရမယ်...
တရားတော်(၂)ပါးကဘာတွေလဲဆိုတော့.........
၁။အပ္ပိစ္ဆတာ...လိုချင်တပ်မက်မောမှု့နဲပါးရမယ်.....
၂။သန္တုဌိတာ...ရသမျှဖြင့်တင့်တိမ်ရောင့်ရဲနိုင်ရမယ်....
ဘာလို့ လဲဆိုတော့...လိုချင်နေသမျှ လောဘတွေတက်ပြီးရှာဖွေနေရမယ်လေ...ရလာတော့ရောပြည့်စုံပြီလား...
ဘယ်တော့မှ လိုချင်တပ်မက်မောမှု့ လောဘဟာ အဆုံးသတ်တယ်လို့ မရှိဘူးလေ...ကိလေသာကုန်ခမ်းပြီးရဟန္တာမဖြစ်သမျှပေါ့...
ဥပမာ....
လူတစ်ယောက်ဟာ သာမန်အိမ်လေးနဲ့ နေထိုင်တယ်ဆိုပါဆို့  သူဟာ သူ့ အိမ်လေးကို တိုက်လေးတစ်လုံးဖြစ်ဘို့ လိုချင်လာမယ်...
တိုက်လေးဖြစ်လာတော့ရော သူ့ ရဲ့လိုချင်မှု့ လောဘတွေဟာ အဆုံးသတ်ရောလား? ဘယ်အဆုံးသတ်ဦးမလဲ...
နောက်တစ်ခုတိုးလာမယ်လေ...သွားရလာရ အဆင်ပြေအောင် ကားလေးတစ်စီးလိုချင်လာမယ်လေ...
အဲ့လိုနဲ့  စသဖြင့် စသဖြင့် ...လိုချင်တပ်မက်မောမှု့ လောဘဟာ ဘယ်တော့မှ အဆုံးမသတ်နိုင်ဘူးလေ...
အဲ့ဒီလိုချင်တပ်မက်မောမှု့ ကို အဆုံးမသတ်နိုင်သမျှ ရှာဖွေနေရမယ်လေ...ရှာဖွေနေသမျှဘယ်တော့မှ ချမ်းသာမှု့ ကို မရရှိနိုင်ပါဘူး...
(ပုထုဇဉ်လူသားအားလုံးဟာ သေတာသွားကြတယ် သူတို့ ရဲ့ လိုချင်တပ်မက်မောမှု့ လောဘတရားကိုဖြည့်ဆည်းမသွားနိုင်ကြဘူးလေ လိုချင်တပ်မက်မောမှု့ တွေနဲ့ ဘဲ သေဆုံးသွားကြရတယ်လေ)
အဲ့ဒါကြောင့်ဘုရားရှင်က...လိုချင်တပ်မက်မောမှု့ နဲပါးအောင်ကျင့်ကြပါလို့ ဟောကြားထားခဲ့တာလေ...
လိုချင်တပ်မက်မောမှု့ နဲပါးသွားတယ်ဆိုရင်...ရှာဖွေစုဆောင်းရခြင်းဒုက္ခ.သိမ်းစည်းစောင့်ရှောက်ရခြင်းဒုက္ခ စသဖြင့် စသဖြင့်ဒုက္ခတွေဟာ နဲနဲ သွားပါလိမ့်မယ်....နံပါတ်(၁)လိုချင်တပ်မက်မောမှု့ နဲပါးသွားတယ်ဆိုတာနဲ့ တပြိုင်နက်....
နံပါတ်(၂)ရသမျှဖြင့်တင့်တိမ်ရောင့်ရဲနိုင်ပါလိမ်မယ်....
ဘုရားရှင်က ဓမ္မပဒအဌကထာမှာ အရှင်မဟာကဿပမထေရ်မြတ်ကြီးကိုကြောင်းပြုပြီး...
တကယ်စင်စစ် ချမ်းသာချင်ကြတယ်ဆိုရင်ဖြင့်
ဒီချမ်းသာအောင်နေနိုင်ကြောင်းတရား(၂)ပါးကိုကျင့်ကြံ အားထုတ်ကြပါလို့  ဟောမိန့် တော်မူခဲ့ပါတယ်...
ဒီချမ်းသာအောင်နေနိုင်ကြောင်းတရား(၂)ပါးကိုကျင့်ကြံအားထုတ်နိုင်ကြမယ်ဆိုရင်ဖြင့်
လူသားအားလုံးဟာ အမှန်တကယ်ဘဲချမ်းသာသုခတွေနဲ့ ပြည့်စုံနိုင်ပါလိမ့်မယ်....
စေတနာများဖြင့်.....
ထုတ်နုတ်တင်ပြ.....
အရှင်မဏ်......
မှတ်ချက်....ကျွန်ုပ်စာမူကြမ်းတွေရေးထားသော်လည်း...ကျောင်းစာတွေက တဖက်...ဖတ်စာက တဖက်..စသဖြင့် စသဖြင့် အဆင်မပြေမှု့  မအားလပ်မှု့ တွေကြောင့်...ကျွန်ုပ်အမြင်လေးတွေ facebook မှာရေးသားထားတာတွေကိုဘဲ blogger ပရိသတ်ကြီးအတွက် ပြန်လည်တင်ပြလိုက်ပါတယ်....
နားလည်ပေးမှု့ တွေနဲ့  ဖတ်ရှု့ ခံစားနိုင်ကြပါစေ.....
စေတနာများဖြင့်....
မင်းမဟာ......
Subscribe to:
Posts (Atom)