Wednesday 7 March 2012

.....အချိန်ပေးပြီး လုပ်ဖြစ်အောင်လုပ်လိုက်ပါ.....


ဘာတွေလဲဆိုတော့......
ကုသိုလ်အလုပ်ဆိုတာ ဘယ်သူမဆို လုပ်ရမှာပျင်းကြတယ်...
မလုပ်ချင်ပေမယ့်  အချိန်ပေးပြီးလုပ်ဖြစ်အောင်လုပ်လိုက်ပါ...
နောက်တစ်ခု.....
အကုသိုလ်အလုပ်ကျတော့.......
ဘယ်သူမဆို မတိုက်တွန်းရဘူး လုပ်ချင်နေကြတယ်...
အဲ့ဒီအကုသိုလ်ကျတော့....လုပ်ချင်ပေမယ့်...
အချိန်ပေးပြီး...မလုပ်ဖြစ်အောင် ရှောင်ကြဉ်ကြရမယ်.....
စေတနာများစွာဖြင့်......
                         စုစည်းတင်ပြ......
                                        အရှင်မဏ်.....
                                                 သို့ 
                                                     မင်းမဟာ.....

Monday 5 March 2012

.....အောင်မြင်နိုင်ရာ...အကြောင်းတရား(၄)ပါး.....



၁။အမျက်ဒေါသကြီးသူကို အမျက်ဒေါသမထွက်သဖြင့် အောင်မြင်ရာ၏.........
၂။မတော်မမှန်သူကို တော်မွန်ကောင်းမြတ်သဖြင့် အောင်မြင်ရာ၏...........
၃။ဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်မြင်ရာ၏.......
၎။စကားမမှန်သူကို အမှန်ကိုဆိုသဖြင့် အောင်မြင်ရာ၏.......
စုစည်းတင်ပြ.....
             အရှင်မဏ်......
                     သို့ 
                         မင်းမဟာ......





Thursday 1 March 2012

...စိတ်မပျက်ပါနဲ့.. သူတို့လဲ ဒီလိုပါဘဲ...







• အကယ်ဒမီဆုတွေ အများကြီးပိုင်တဲ့ ပရိုဂျူဆာဒါရိုက်တာ တစ်ဖြစ်လဲ စာရေးဆရာ Woody Allen ဟာ NewYork University နဲ့ City College of New York က ကျင်းပတဲ့ Motion Picture Production စာမေးပွဲမှာ အကြိမ်ကြိမ် ကျခဲ့ဖူးပါတယ်။

• ကမ္ဘာ့အရောင်းရဆုံး စာအုပ်ဖြစ်ခဲ့တဲ့ Exodus စာအုပ်ရဲ့ စာရေးဆရာ
Leon Uris ဟာ အထက်တန်းကျောင်းသားဘ၀တုန်းက အင်္ဂလိပ်စာ သုံးနှစ်ဆက်တိုက် ကျခဲ့ဖူးပါတယ်။

• မင်းသမီးကြီး
Lucille Ball ဟာ မင်းသမီးဖြစ်ဖို့ သရုပ်ဆောင် သင်တန်းတက်ခဲ့တုန်းက သူမ တက်တဲ့ John Murray Anderson Drama School မှ သင်တန်းကြီးကြပ်သူက “မင်းတခြားအလုပ်တစ်ခုကို စိတ်ဝင်စားကြည့်ပါလား… မင်းသမီးအလုပ်မဟုတ်တဲ့ တခြားအလုပ်တစ်ခုကို လုပ်လိုက်”လို့ စိတ်ပျက်ပျက်နဲ့ ပြောတာ ခံခဲ့ရဖူးပါတယ်။

• ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး မင်းသမီး
Merilyn Monroe ဟာ Blue Book Modeling Agency မှာ မော်ဒယ် သင်တန်းတက်ခဲ့တုန်းက သင်တန်းရဲ့ ဒါရိုက်တာ Emmeline Snively က “နင့်ရုပ်က ခပ်ထောထော သူဌေးကြီးတစ်ယောက်ရဲ့ Secretary လုပ်ဖို့တော့ အသုံးဝင်ပါလိမ့်မယ်.. မင်းသမီး လုပ်ဖို့တော့ မဟုတ်ဘူး” လို့ ပြောတာ ခံခဲ့ရဖူးပါတယ်။

• 1962 မှာ
The Beatles ဂီတအဖွဲ့က သူတို့ရဲ့ ပထမဆုံးအခွေ အတွက် အသံစစ်ဆေးတဲ့နေ့က Decca Recording Company ရဲ့အကြီးအကဲတွေက “ဘယ်လိုသတ္တိမျိုးနဲ့များ ဒီလိုအသံကို သွင်းရဲတာလဲ” လို့ မေးတာ ခံခဲ့ရဖူးပါတယ်။

• ရော့ခ်အင်ရိုးဘုရင်ကြီးလို့ သိကြတဲ့
Elvis Presley ရဲ့ ပထမဆုံး ဖျော်ဖြေမှုကို ကြည့်ပြီးတဲံ နောက် Grand Ole Opry ရဲ့ မန်နေဂျာက Elvis ကို “မင်းသီချင်းမဆိုဘဲနဲ့ ဒရိုင်ဘာ လုပ်ကြည့်ပါလား.. လူမြင်ကတ်ခံရ သက်သာတာပေါ့” လို့ ပြောခဲ့ဖူးပါတယ်။

Alexander Graham Bell က 1876 မှာ တယ်လီဖုန်းကို တီထွင်ခဲ့ပါတယ်။ပထမဆုံး ဖုန်းကို ပြောပြီး တဲ့နောက် သမ္မတ Rutherford Hayes က“ မင်းရဲ့တီထွင်မှုကတော့ အံ့သြစရာပဲ.. ဒါပေမဲ့ ဘယ်သူကများ ဒါတွေကို သုံးချင်မလဲ. တကယ်တော့ ဒါဟာ သိပ်အသုံးမ၀င်တဲ့ တီထွင်မှု တစ်ခုပါ” လို့ ပြောပြီး ခေါင်းခါပြခဲ့ပါတယ်။

• ကမ္ဘာ့ကျေးဇူးရှင် သိပ္ပံပညာရှင်ကြီး
Thomas Edison ဟာ ငယ်ငယ်တုန်းက ထုံလွန်း၊ အလွန်းလို့ ကျောင်းကတောင် လက်မခံချင်တဲ့သူပါ။ သူရဲ့ပထမဆုံး တီထွင်မှုဖြစ်တဲ့ လျှပ်စစ်မီးသီးကို အကြိမ်ပေါင်း 2000 ကျော် ရှုံးနိမ့်ပြီးမှ အောင်မြင်ခဲ့တာပါ။

• ဂျာမန် ဂီတပညာရှင်ကြီး
Ludwig Van Beethoven ဟာ အသက် 46 နှစ်အရွယ်မှာ လုံးဝ နားလေးတဲ့ ဘ၀ရောက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာရေးတဲ့ သူ့ရဲ့symphonies ငါးခုဟာ အခုချိန်ထိ Beethoven’s symphonies ဆိုပြီး နာမည်ကြီးနေဆဲပါပဲ။ သူနားက ဘာမှ မကြားနိုင်တဲ့ဘ၀မှာမှ သူအအောင်မြင်ဆုံး ဖြစ်ခဲ့တာ…..

Edmund Hillary ဟာ ပေ 29000 အမြင့်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ် တောင်ကို တက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ထိခိုက်ဒဏ်ရာတွေ အကြိမ်ကြိမ် ရခဲ့ပေမဲ့ ဇွဲမလျှော့ ဘဲ ဆက်ကြိုးစား ခဲ့ တာကြောင့် 1952 မေလ 29 ရက်မှာ သူဟာ ဧ၀ရတ်တောင်ထိပ်ကို ရောက်တဲ့ ပထမဆုံး လူသား ဖြစ်ခဲ့ပါတယ်။

• ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့ဖူးတဲ့ လူသားတွေထဲမှာ အတော်ဆုံးလို့ တင်စားခံရတဲ့
Albert Einstein က “ပုစ္ဆာတစ်ပုဒ်ကို လတွေနှစ်တွေချီပြီး အကြိမ်ကြိမ်စဉ်းစားတယ်..တွက်တယ်.. ကိုးဆယ့်ကိုးကြိမ်အထိ အဖြေဟာ မှားနေဆဲပဲ.. အကြိမ်တစ်ရာမြောက်မှာတော့ ငါမှန်ခဲ့တယ်” လို့ ပြောခဲ့တယ်လေ..။

• Mickey Mouse ကာတွန်းကို ရေးခဲ့တဲ့
Walt Disney ကို သူ့ကာတွန်းတွေ ရုပ်ရှင်ရိုက်ပေးဖို့ ရုပ်ရှင် ကုမ္ပဏီကြီးတစ်ခုက စာချုပ်ချုပ်ဖို့ လာခေါ်တုန်းက သူ့မှာ စီးစရာ ဖိနပ်မရှိလို့ ကုမ္ပဏီကို လိုက်ဖို့ ငြင်းခဲ့ ဖူးပါတယ်။

• သြစတေးလျ ဇီဝဗေဒ ပညာရှင်
Gregor Mendel ဟာ အထက်တန်းကျောင်းသားဘ၀တုန်းက ဇီဝဗေဒမှာ နှစ်နှစ် ကျခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မလျှော့တဲ့ ဇွဲကြောင့် အခုချိန်မှာတော့ သူ့ရဲ့ စမ်းသပ်မှုတွေကို ဇီဝဗေဒ သင်ရိုးတွေအဖြစ် တကမ္ဘာလုံး သင်နေကြပါပြီ။

• အမေရိကန် ကဗျာဆရာတွေထဲမှာတော့ အအောင်မြင်ဆုံးလို့ ပြောရမဲ့ ကဗျာဆရာ
Robert Frost ဟာ 39 နှစ်လုံးလုံး သူ့ကဗျာတွေကို ဖတ်ပေးမဲ့ သူတောင် မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ သူ့ကဗျာတွေဟာ ဘာသာခြား 22 ဘာသာသို့ ဘာသာပြန်ပြီး ရောင်းရပါတယ်။ သူဟာ ကဗျာပူလစ်ဇာဆု (Pulitzer Prize for Poetry) ကို လေးကြိမ်တောင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

• မိတ္တူကူးစက်ကို တီထွင်ခဲ့တဲ့
Chester Carlson ဟာ သူ့ရဲ့တီထွင်မှုကို ကုမ္ပဏီ နှစ်ဆယ်ကျော်ဆီမှာ ရောင်းခဲ့ပေမဲ့ဘယ်သူကမှ မ၀ယ်ချင်ကြပါဘူး။ “ဒါကြီးကို ဘယ်သူက အလုပ်ရှုပ်ခံပြီး သုံးချင်မှာလဲ” ဆိုပြီး ငြင်းလွှတ်ကြပါတယ်။ အဲဒီနောက် ခုနှစ်နှစ် အကြာမှာမှ New York က Haloid ကုမ္ပဏီက ၀ယ်ယူခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီနေ့မှာဆိုရင် မိတ္တူကူးစက်ဟာ ကမ္ဘာမှာ မရှိမဖြစ် ပစ္စည်း တစ်ခု ဖြစ်နေပါပြီ။

Abraham Lincoln ဟာ အမေရိကန် သမ္မတ ရွေးချယ်ပွဲမှာ ရှစ်ကြိမ် တိတိ ရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမဲ့ သူ့ရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ကြောင့် ဇွဲမလျှော့ဘဲ ဆက်ကြိုးစားလို့ 9ကြိမ်မြောက်မှာမှ သမ္မတအဖြစ် ရွေးချယ်ခံရပါတယ်။ သူဟာ လူမည်းတွေကို ကျွန်အဖြစ်မှ လွှတ်ခဲ့တဲ့ Second Jesus (ဒုတိယ ကယ်တင်ရှင်) လို့ တင်စားကြပြီး ဒီနေ့ထိ နီဂရိုးတွေဟာ ဘယ်နေရာ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် Abraham Lincoln ရဲ့ ဓါတ်ပုံတွေ့ရင် သိသိသာသာရော၊မသိမသာပါ ခေါင်းညွှတ်အလေးပြု ကြပါတယ်။

• အိုလံပစ် ရွှေတံဆိပ် သုံးဆုရှင် အပြေးချန်ပီယံ
Wilma Rudolph ဟာ အသက် 9 နှစ်အရွယ်မှာ ပြင်းထန်တဲ့ ဝေဒနာကြောင့် ခြေထောက်နှစ်ဘက် ဆုံးရှုံးခဲ့ရသူပါ။ ဆရာဝန်တွေက သူ့တစ်သက်လုံး ခြေထောက်နဲ့သွားနိုင်မှာ မဟုတ်တော့ဘူး လို့ ပြောကြပေမဲ့ သူမရဲ့ ပြင်းထန်တဲ့ ဇွဲကြောင့် ကမ္ဘာ့ အပြေးချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

• ကမ္ဘာကျော် စာရေးဆရာကြီး
John Milton ဟာအသက် 44 နှစ် အရွယ်မှာ မျက်စိကွယ်ခဲ့ပါတယ်။ အဲဒီနောက် 16 နှစ်အကြာ သူ့အသက် 60 မှာမှ သူ့ရဲ့ အအောင်မြင်ဆုံး လက်ရာ Paradise Lost ကို ရေးသားခဲ့ပါတယ်။

• Forbes မဂ္ဂဇင်းပိုင်ရှင် (တည်ထောင်သူ)
Malcom Forbes ဟာ Princeton University မှာ တက်ခဲ့တုန်းက ကျောင်းရဲ့ သတင်းစာကော်မတီမှာ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူ့သူငယ်ချင်း တစ်ယောက်က “Forbes လောက် အရည်အချင်းမရှိတဲ့လူ တခါမှ မတွေ့ဖူးဘူး.. သူဟာ လုံးဝကို သုံးစားမရတာ”လို့ ပြောခဲ့ဖူးပါတယ်။

Henry Ford
ဟာ သူပထမဆုံး တီထွင်ခဲ့တဲ့ ကားမှာ Back Gear ထည့်ဖို့ မေ့ခဲ့ဖူးပါတယ်။ သူတီထွင်တဲ့ကားကို ထည့်ဖို့ ဆောက်ထားတဲ့ သူ့ကားဂိုဒေါင် အပေါက်ကိုလဲ လူတကိုယ် ၀င်ရုံလောက်သာ ဖောက်ခဲ့သတဲ့။ ဒါပေမဲ့ သူဟာ အဲဒီနှစ်ခုစလုံးကို အမြန်ဆုံး ပြန်ပြင်နိုင်ခဲ့လို့ ကမ္ဘာ့ အကြီးမားဆုံး တီထွင်သူတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။

အဲဒါကြောင့်မို့.. သူငယ်ချင်းရေ... စိတ်ဓါတ်မကျပါနဲ့.. သူတို့လဲ စိတ်ပျက်စရာကောင်းလောက်အောင် ရှုံးနိမ့်ဖူးသူတွေ ချည်းပါပဲ.. ဇွဲမလျှော့လို့ အောင်မြင်လာကြတဲ့သူတွေပါ။ သူငယ်ချင်းရေ...... ဆက်ကြိုးစားကြည့်ပါဦး.. နောက်တစ်ခေါက်...

မြန်မာသူငယ်ချင်းများအဖွဲ့ မှ ကူးယူဖေါ်ပြပါသည် ...
အရာအားလုံးအဆင်ပြေချောမွေ့ကြပါစေနော် ... :)
စေတနာများစွာဖြင့်…
                    အရှင်မဏ်…
                              သို့ 
                                     မင်းမဟာ…..
Bottom of Form

.....အခွင့်အရေးဟူသည်.....



အခွင့်အရေးဟူသည်......
အခွင့်အရေးက ဤသို့ ဆို၏ ....နေ့ စဉ်နံနက်တိုင်း ငါသည် သင့်တံခါးဝ၌ရပ်ကာ....
သင့်အား...ထလော့..တိုက်လော့..အောင်ပွဲခံလော့...ဟု နိုးဆော်တိုက်တွန်း၏...
ခံယူခြင်း..မခံယူခြင်းကား သင်၏အပိုင်းဖြစ်ပေသည်....
အခွင့်အရေးဟူသည်.......
ကံတရားက ခွဲတမ်းစနစ်ဖြင့် စီစဉ်ဝေငှ ပေးနေသောအရာ တစ်ခုမဟုတ်ပါ....
ရှာဖွေရယူတတ်သူ အတွက် အခွင့်အရေးတို့  အမြဲတမ်းရှိနေသည်သာ.......
ဆိုလိုချင်တာကတော့........
အခွင့်အရေးရခိုက်...မိမိတို့ အားလုံးဟာညီညွတ်စွာနဲ့ ကိုယ့်တာဝန်ကို...
ကိုယ်ကျေအောင်လုပ်ဆောင်ဘို့ ပါဘဲ...
ခေါင်းဆောင်ပိုင်းက....ခေါင်းဆောင်တာဝန်တွေလုပ်ဆောင်နေချိန်မှာ....
နောက်လိုက်တွေကလဲ...မိမိတို့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ဆောင်ဘို့ ပါဘဲ......
အခွင့်အရေးရခိုက် အသုံးချတတ်ပါစေလို့ ဘဲ....ပြောပါရစေဗျာ..........
အောင်မြင်စေလိုသောဆန္ဒများစွာဖြင့်.....
                                                 အရှင်မဏ်...
                                                          သို့ 
                                                           မင်းမဟာ.....

***အလှဆင်သူ***



ကြာပန်းက
ရေကန်ကိုသာအလှဆင်တယ်၊
မိုးတိမ်တွေကလည်း
ကောင်းကင်ပြာကိုသာ
အလှဆင်တယ်၊
လာခြင်းကောင်းသော
မိတ်ဆွေကတော့
တစ်လောကလုံးကို
အလှဆင်တယ်။
                                       သံဃရက္ခိတမဟာထေရ်(သီဟိုဠ်)
                                               ဓမ္မပညာ
                                                  မှ
                                         မေတ္တာများစွာဖြင့် 
                                             ပြန်လည်စုစည်းတင်ပြ... 
                                                                    အရှင်မဏ်.....
                                                                             သို့ 
                                                                                မင်းမဟာ......

သင့်ရဲ့စကားတခွန်းလက်ဆောင်