Wednesday, 26 October 2011

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏ စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း


သိပ္ပံပညာရှင်များ ဗုဒ္ဓ၏ စွယ်တော်(သွား)ကို စစ်ဆေးကြခြင်ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း
နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ
သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက

ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့
အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။
ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ
မှတ်ချက် =မြန်မာ အင်ဂျင်နီယာ ဖိုရမ် မှ ကူးယူတင်ပြချင်းဖြစ်ပါကြောင်းဝန်ခံ အပ်ပါသည်။
ဖတ်စေချင်သောဆန္ဒများစွာဖြင့်ထပ်မံ၍ကူးယူတင်ပြရပါသည်….
                            စေတနာများစွာဖြင့်….
                                                                  မင်းမဟာ…..
                                                                           26.10.2011….10း 49 pm

Tuesday, 25 October 2011

ကျန်းမာရေးလျှို့ဝှက်ချက်များ(ဖတ်ဖြစ်အောင်ဖတ်ပါ)


တရုတ်ရုပ်သံလိုင်းဖြစ်တဲ့CCTVက အသက်(၇၆)နှစ်ရှိပြီဖြစ်တဲ့ တရုတ်ကျန်းမာရေးပညာရှင် ပါမောက္ခWan Cheng Kuiနဲ့ အစီအစဉ်တစ်ခု တင်ဆက်သွားခဲ့တယ်။ အစီအစဉ်မှာ Wan Cheng Kuiက သူ့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး လျှို့ဝှက်ချက်တွေကို ပြောသွားခဲ့တယ်။
(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာ မူတည်တယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ အသက်ရှည်ရေးနဲ့ကျန်းမာရေးဟာ ၁၅%က မျိုးရိုးကြောင့်၊ ၁ဝ%က လူမှုပေါင်းသင်းရေးကြောင့်၊ ၈%က ရောဂါဘယကြောင့်၊ ၇%က ရာသီဥတုကြောင့်နဲ့ ၆ဝ%က ကိုယ့်ကိုယ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။
လူအများသိပြီးကြတဲ့အတိုင်း မနက်စာကို ကောင်းကောင်းစား၊ နေ့လယ်စာကို ဝအောင်စား၊ ညစားကိုလျော့စားလို့ ဆိုကြပေမယ့် အခုခေတ်မှာတော့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ အခုခေတ်လူတွေက မနက်စာကို ဖြစ်သလိုစား၊ နေ့လည်စာကို ကြုံရာစား၊ ညစားကို အဝအပြဲစားကြတယ်။ ဒါဟာ ရောဂါရဲ့ရင်းမြစ်ဖြစ်တယ်။ မနက်စာဟာ အားဆေးနဲ့တူတယ်။ တစ်နေ့လုံးရဲ့အရေးပါတဲ့တစ်နပ်မို့ အာဟာရဖြစ်တာတွေ စားရပါတယ်။
မနက်ပိုင်းအာဟာရတွဲဖက်စာအဖြစ် ပဲနို့ရည်၊ ကွေကာအုပ်နဲ့ ပန်းသီးတွေကို တွဲစားနိုင်ပါတယ်။ အဓိကအစာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပါရပါမယ်။ အခုခေတ်လူတွေက့ ၂ဝ% မနက်စာ မစားကြသလို ၅ဝ%-၆ဝ% က မနက်စာ မစားတတ်ကြဘူး။ မနက်စားအာဟာရအတွက် နေ့လယ်၊ ညနေစာတွေနဲ့ ပြန်အစားထိုးလို့ မရနိုင်ပါဘူး။
(၂) လောကမှာ မကောင်းဆုံးအကျင့်က ဆေးလိပ်သောက်တာပဲ
လောကမှာ မကောင်းတဲ့အကျင့်(၅)ခုရှိတယ်။ ပထမတစ်ခုက ဆေးလိပ်သောက်တာပဲဖြစ်တယ်။ တစ်သက်လုံး ဆေးလိပ်သောက်သူဟာ နှစ်(၂ဝ)-(၂၅) စောသေကြတယ်။ ဆေးလိပ်တစ်ခါသောက်ရင် (၁၁)မိနစ် အသက်တိုတယ်။ ကျွန်တော်ဘာလို့ အရွယ်တင်နေသလဲ? ကျန်းမာနေသလဲဆိုတာ ကျွန်တော်တစ်သက်မှာ ဆေးလိပ်မသောက်ဖူးဘူး။ ကျွန်တော့်ရှေ့မှာ ဆေးလိပ်လာသောက်ရင် ဆောရီးပဲ တခြားနေရာမှာ သွားသောက်ပါ။ သင့်ကိုယ်သင် သေကြောင်းကြံလို့ရတယ်။ တခြားလူကိုတော့ သင်မသတ်ပါနဲ့။ မနက်ထလာတာနဲ့ ဆေးလိပ်သောက်တာ ပိုအန္တရာယ်ရှိတယ်။ ဆေးလိပ်သောက်သူတွေဟာ လေပြွန်နာ၊ အဆုတ်လေနာ၊ အဆုတ်အတွင်းနာ၊ အဆုတ်ကင်ဆာစတဲ့ရောဂါတွေကို ရနိုင်ပါတယ်။
(၃) အာဟာရများရင်လည်း အဆိပ်ဖြစ်တယ်
နေ့တစ်နေ့တာရဲ့ အစားအစာတွေကက အရွက်စိမ်း (၈)အောင်စ သို့မဟုတ် (၅ဝဝ)ဂရမ်၊ အသီး (၂)လုံး၊ ဟင်းရွက်ဆီ (၃)ဇွန်း၊ (၂၅)ဂရမ်ထက်မပိုရ။ ထမင်း(၄)အောင်စ သို့မဟုတ် ပေါက်စီအသားလွတ်(၄)လုံးနဲ့ ပရိုတင်းအပြည့်အဝပါတဲ့ အစားအစာတွေဖြစ်တယ်။
တစ်နေ့ကို ရေ(၈)ခွက်သောက်ရတယ်။ ရေက လူတွေရဲ့အသက်ပဲ။ ဒါပေမဲ့ အခုခေတ်လူတွေက ရေအသောက်နည်းကြတယ်။ ဆာမှ သောက်ကြတယ်။ တကယ်ဆို ဆာမှသောက်တာမဟုတ်ဘဲ အားတာနဲ့သောက်နေရမယ်။ ရေအစား ရေနွေးကြမ်းရော ရသလားမေးရင် မရဘူး။ ကော်ဖီ၊ အချိုရည်၊ ဘီယာနဲ့အစားထိုးရင်ရော ရသလားမေးရင် မရဘူး။ ရေနွေးကြမ်းသောက်မယ်ဆိုရင်လည်း အခါးခြောက်နည်းရမယ်။ သေချာမှတ်ထားပါ.... ရေက လူတွေရဲ့အသက်ပါ။
(၄) လူတွေက အို၊ နာသေတာမဟုတ်ဘူး၊ စိတ်ကြောင့်သေတာ
လူတွေ စိတ်မတိုဘဲနေနိုင်လား? လူဆိုတာ ခံစားချက်ရှိတဲ့သတ္တဝါတွေ။၊ ငိုမယ်၊ ရယ်မယ်၊ တိုမယ်၊ လွမ်းမယ်၊ ကြောက်မယ်၊ လန့်မယ်။ ပျော်ရင်ရယ်တယ်၊ မပျော်ရင် ငိုတယ်။ စိတ်တိုတဲ့အခါ နှစ်ခွန်းလောက်ဆဲလိုက်ရမှ ... ဒါဟာ လူတွေရဲ့ခံစားချက်ဖြစ်တယ်။ တကယ်လို့ ခံစားချက်တစ်မျိုးပဲရှိရင် ဒီလူ မကျန်းမာတော့ဘူး။
ခံစားချက်ပြည့်ဝတဲ့ လူတွေက ဘာလုပ်ချင်ရင် ဘာလုပ်ကြတယ်။ ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အလွန်အကျွံမဖြစ်ရဘူး။ အလွန်အကျွံဖြစ်ခဲ့ရင်လည်း အချိန်မကြာရဘူး။ ခံစားချက်ကို ခပ်မြန်မြန်လေး ပြန်ထိန်းညှိရမယ်။ ဒါမှ ကျန်းမာတယ်။
ဘုရင့်ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းရေးထားပြီးသားပါ။ "စိတ်တိုရင် အသဲကိုထိတယ်၊ ပျော်ရင် နှလုံးကိုထိတယ်၊ စိုးရိမ်ကြောင့်ကြရင် အဆုတ်ကိုထိတယ်၊ လွမ်းဆွေးရင် သရက်ရွက်ထိတယ်၊ ကြောက်ရင် ကျောက်ကပ်ကိုထိတယ်၊ စိတ်ကြောင့်ရောဂါရတယ်"။ တကယ်တမ်းပြောရရင် လူအများက အိုသေ၊ နာသေတာမဟုတ်ဘူး။ စိတ်ကြောင့်သေကြတယ်။ အကြီးအကဲမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ဆရာမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ပိုက်ဆံရှာမရလို့ စိတ်ကြောင့်သေသွားတယ်။ လူအိုတချို့ ကိစ္စသေးသေးမွှားမွှားနဲ့ စိတ်ညစ်၊ စိတ်တိုပြီးသေသွားတယ်။ ဒီလိုလူမျိုးတွေ တော်တော်များများ ကျွန်တော်ကြုံဖူးတယ်။
ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်။ "စိတ်တိုဒေါသထွက်လို့ရတယ်။ ဒါပေမဲ့ ထွက်တတ်ရတယ်။ ခံစားချက်ရဲ့ဓားစာခံတော့ မလုပ်ရဘူး။ ခံစားချက်ရဲ့အရှင်သခင်ပဲလုပ်ရမယ်။ ခံစားချက်ကို မောင်းနှင်သူဖြစ်ရမယ်၊ ခံစားချက်ရဲ့ အမောင်းနှင်ခံရသူတော့ မဟုတ်နဲ့"
(၅) လမ်းလျှောက်တာဟာ အကောင်းဆုံးအားကစားပါ
ဘယ်အရာမဆို အတိုင်းအတာတစ်ခုတော့ရှိတယ်။ စားတာလည်း အတိုင်းအတာ၊ အိပ်တာလည်း အတိုင်းအတာ၊ အားကစားလုပ်တာလဲ အတိုင်းအတာရှိတယ်။ အားကစားမလုပ်ရင် မကောင်းသလို လွန်လွန်ကျွံကျွံလုပ်ရင်လည်း ရောဂါခုခံနိုင်အားကို ကျဆင်းစေတယ်။ နေ့တိုင်း နာရီဝက်က တစ်နာရီထိ အားကစားလုပ်နိုင်တယ်။ လုပ်တဲ့နည်းကလည်း ရိုးရှင်းတဲ့နည်းကို အသုံးပြုလို့ရတယ်။ နာရီဝက်လောက် လမ်းလျှောက်ရုံပါပဲ။ ရိုးရှင်းပြီး ငွေကုန်ကြေးကျစရာလည်း မလိုဘူး။ အကျိုးလည်း အရမ်းရှိတယ်။
ဒါပေမဲ့ လမ်းလျှောက်ရာမှာ သတိပြုရမယ့်အချက်တွေရှိတယ်။ လူငယ်တွေက မြန်မြန်လျှောက်ရတယ်။ တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)ထိ၊ နှလုံးခုန်နှုန်း တစ်မိနစ်ကို (၁၂ဝ)ကြိမ်ထိ ခပ်မြန်မြန်လေးလျှောက်ရတယ်။ ဒါမှ နှလုံးကို လေ့ကျင့်ပေးရာရောက်တယ်။ တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)၊ နှလုံးခုန်နှုန်း(၁၂ဝ) ရောက်ဖို့က ခဏလေးနဲ့တော့ လုပ်လို့မရဘူး။ ခြေလှမ်းမှန်မှန် မြန်မြန်လှမ်းနိုင်မှရတယ်။ ဒါကို နှစ်ဝက်လောက် သင်လုပ်နိုင်ရင် သင့်နှလုံး၊ အဆုတ်ရဲ့အကျိုးကို ၃ဝ% က ၅ဝ%ထိ မြင့်တင်ပေးနိုင်ပါတယ်။
လူတစ်ယောက်ဟာ လူငယ်အရွယ်ကစ စံသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားရမယ်။ ကျွန်တော်ဆိုရင် အသက်(၃ဝ)ကတည်းက ဒီခန္ဓာအလေးချိန်ပဲ။ ဝလာပြီဆိုတာနဲ့ အလေးချိန်လျော့ဖို့က ခက်သွားပြီ။ အဓိက,က ပါးစပ်ကိုထိန်းမယ်၊ ခြေများများလှုပ်ရှားမယ်။ လူတွေက ပါးစပ်ကသာပြောတယ်။ ခြေကတော့ မလှုပ်ဘူး။
(၆) အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ
ကမ္ဘာကထုတ်ပြန်တဲ့ မကျန်းမာတဲ့နေထိုင်မှု(၆)မျိုးထဲမှာ - (၁) ဆေးလိပ်သောက်တာ (၂) အရက်သောက်တာပါတယ်။ အရက်ကို အလွန်အကျွံသောက်တာဖြစ်တယ်။ အရက်ကို နည်းနည်းသောက်ရင် ကောင်းကျိုးရှိနိုင်သေးတယ်။ ဥပမာ-- နေ့တိုင်းအရက်ဖြူကို တစ်အောင်စသောက်မယ်၊ ဝိုင် အထူးသဖြင့် စပျစ်ဝိုင်နီကို ၂အောင်စသောက်မယ်၊ ဘီယာကို ၂၅ဝဂရမ် ဒါမှမဟုတ် ၅ဝဝဂရမ်လောက် သောက်နိုင်ပါတယ်။ အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ အသဲ၊ ဦးနှောက်၊ နှလုံး စတဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေပါတယ်။
အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ။ ဒါကို မှတ်ထားပါ။ အရက်သောက်တာက အသဲကိုထိခိုက်စေတဲ့အပြင် မှတ်ဉာဏ်ကိုလည်း ကျဆင်းစေတယ်။ အရက်ကြောင့် ဦးနှောက်ဆဲလ်တွေ သေသွားလို့ဖြစ်တယ်။ တစ်နေ့ကို ၁အောင်စလောက်သောက်တာက လုံခြုံစိတ်ချရတဲ့ အနေအထားပါ။
(၇) မိသားစု မသင့်မြတ်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေတယ်
လူတွေကိုရောဂါဖြစ်စေတဲ့နှုန်း ၇ဝ%က မိသားစုကလာတယ်လို့ တတ်ကျွမ်းသူအချို့က ဆိုပါတယ်။ ကင်ဆာရောဂါဖြစ်နှုန်း ၅ဝ%က မိသားစုကလို့ဆိုတယ်။ မိသားစုဟာ အရေးကြီးသလား မကြီးဘူးလား?
အိမ်မှာက "ရန်ပွဲအသေး နေ့တိုင်းရှိတယ်၊ ရန်ပွဲအကြီး တစ်ရက်ခြားရှိတယ်"ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ရေသေအိုင်လိုလည်း မိသားစုအိုင်မဖြစ်စေနဲ့။ အငြင်းမပွား၊ စကားမပြောဘဲ လဝက်လောက်နေကြည့်ပါလား! ပျင်းရိခြောက်သွေ့ပြီး သေသွားနိုင်တယ်။
လင်မယားကွာရှင်းထားတဲ့လူ၊ အိမ်ထောင်ဖက်သေဆုံးသွားတဲ့လူတွေရဲ့ အသက်ဟာ ပိုတိုကြောင်း အစီအစဉ်မှာ ကျွန်တော်ကြည့်ခဲ့ရဖူးတယ်။ သိပ္ပံပညာမှာလည်း ဒါကိုအသိအမှတ်ပြုထားတယ်။ အထီးကျန်တာဟာ ဆင်းရဲတာထက် ပိုကြောက်ဖို့ကောင်းတယ်။ အချင်းချင်းချစ်ကြတဲ့ လင်မယားတွေက အသက်ပိုရှည်တယ်။ တစ်ယောက်ထဲ ထီးထီးနေသူတွေက အသက်ပိုတိုပြီး ရောဂါပိုများတယ်။ ဒီလိုဆိုရင် သင့်မြတ်တဲ့ မိသားစုတစ်စုဖြစ်အောင် ဘယ်လိုလုပ်မလဲ? ဒါလည်း ပညာသားပါပါတယ်။
သင့်မြတ်တဲ့မိသားစုဖြစ်ဖို့ (၁) အသက်ကြီးသူကို လေးစားပါ၊ (၂) ကလေးတွေကို ပြုပြင်ထိန်းကျောင်းပါ၊ (၃) ယောက္ခမ_ချွေးမကြားကဆက်ဆံရေးကို ကောင်းမွန်အောင်လုပ်ပါ၊ (၄) လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ပါ.. ဒါဟာ အရေးအကြီးဆုံးအချက်ဖြစ်တယ်။
လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ဖို့ အချက်(၈)ချက်ကို လုပ်နိုင်ရပါမယ်။ အချင်းချင်းလေးစားမှု၊ အချင်းချင်း ချစ်ခင်မှု၊ အချင်းချင်းယုံကြည်မှု၊ အချင်းချင်း ရိုင်းပင်းမှု၊ အချင်းချင်းနှစ်သိမ့်မှု၊ အချင်းချင်းအားပေးမှု၊ အချင်းချင်း အလျော့ပေးမှု၊ အချင်းချင်း ခွင့်လွှတ်မှုတွေဖြစ်တယ်။ လူတိုင်းမှာ အကျင့်စရိုက်ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအမြဲ အသိပေးရပါတယ်။ ထားလိုက်တော့... သူ(သူမ) ဝမ်းသာပျော်ရွှင်ရင် ပြီးတာပါပဲ။
ကိုယ်ချစ်တဲ့လူကို ငယ်ရွယ်စဉ်အချိန်အခါမှာ ချစ်ရုံတင်မက၊ သူ(သူမ) အိုမင်းသွားတဲ့အခါလည်း ချစ်မယ်၊ သူ(သူမ) ကျန်းမာတဲ့အခါလည်း ချစ်မယ်၊ မကျန်းမာတဲ့အခါ ပိုချစ်မယ်၊ သူ(သူမ)ရဲ့ ကောင်းကွက်ကိုချစ်ရုံတင်မက ဆိုးကွက်ကိုလည်း ချစ်ရပါမယ်။ ဒါဟာ ကျွန်တော့်ရဲ့ သတိပေးစကားပါ။ သေချာမှတ်ထားပေးပါ။
(၈) ဦးနှောက်နဲ့ထမင်းစားပြီး ကျန်းမာရေးကိုထိန်းပါ
နေ့တိုင်းကျန်းမာတဲ့ဘဝကိုရဖို့ အချက်(၇)ချက်ကို လုပ်ရပါမယ်။
(၁) တစ်နေ့ထမင်းသုံးနပ် မှန်မှန်စားရပါမယ်
(၂) တစ်နေ့(၈)နာရီ မှန်မှန်အိပ်ရပါမယ်
(၃) တစ်နေ့ အားကစားနာရီဝက် မှန်မှန်လုပ်ရပါမယ်
(၄) စိတ်နှလုံးကျန်းမာဖို့ တစ်နေ့ နာရီဝက် ပြုံးရယ်ရပါမယ်
(၅) ဒါက ထူးခြားချက်ပါ။ နေ့တိုင်း အိမ်သာတက်ရပါမယ်။ လူတွေက အပေါ်ပေါက်အဝင်ခံပြီး အောက်ပေါက်က မထွက်ကြဘူး။ ဒါဟာ သဘာဝဖြစ်စဉ်ပါ။ အိမ်သာတက်ကိုတက်ရပါမယ်။
(၆)ကိုယ်ချစ်တဲ့လူနဲ့ ပေါင်းသင်းဆက်ဆံရေးသင့်မြတ်ရပါမယ်။ သူ(သူမ)နှစ်သက်တဲ့ စကားသုံးခွန်းကိုပြောပေးပါ။ ယောက္ခမနဲ့လည်း ဆက်ဆံရေးကောင်းမွန်ရပါမယ်။
(၇) အရက်၊ ဆေးလိပ် ဝေးဝေးရှောင်ရပါမယ်
ကျန်းမာဖို့ နေ့တစ်နေ့တာကစရပါတယ်။ နေ့တိုင်းကျန်းမာမှ တစ်သက်ကျန်းမာနိုင်မှာပါ။ "စားနိုင်သောက်နိုင်တိုင်း မကျန်းမာဘူး၊ စားတတ်သောက်တာမှ ကျန်းမာတယ်။ လျှောက်စားလျှောက်သောက်ရင် ပိုဆိုးတယ်"၊ "ဗိုက်နဲ့အစားစားတာ ပြည့်ဝဖို့၊ ပါးစပ်နဲ့အစားစားတာ အရသာခံဖို့၊ ဦးနှောက်နဲ့အစားစာတာ ကျန်းမာဖို့"၊ "မနက်စာ ဘုရင်လိုစားပါ၊ နေ့လယ်စာ မှူးမတ်လိုစားပါ၊ ညစာ သူတောင်းစားလိုစားပါ" ကျွန်တော့်ရဲ့ဒီစကားတွေကို မှတ်ထားပေးပါ။
(၉) ကန်စွန်းဥက ကမ္ဘာပေါ်မှာ အကောင်းဆုံးအစားအစာပါ
အသီးအရွက်စားနှုန်းက ၇ဝ%-၈ဝ% ရှိရပါမယ်။ အသားစားနှုန်းက ၂ဝ%- ၃ဝ%ရှိရပါမယ်။ ဒါကို မှတ်ထားပါ။ ဒါပေမဲ့ အခုခေတ်က ပြောင်းပြန်ဖြစ်နေတယ်။ ဒါကြောင့် ရောဂါပေါင်းစုံဖြစ်ကြရတယ်။ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ။ အသီးအရွက်တွေမစားလို့ မရပါဘူး။ အခုခေတ်ကလေးတွေက ဟင်းသီးဟင်းရွက်တွေ မစားကြဘူး။ အသီးစားတာလည်း နည်းသွားတယ်။ တစ်နေ့ကို အသီး ၃,၄မျိုး၊ အရွက် ၄,၅မျိုး စားရပါမယ်။ ဒါတွေဟာ ကင်ဆာကိုကာကွယ်သလို နှလုံးကိုလည်း ကာကွယ်ပါတယ်။ ဒါဟာ ၂၁ ရာစုရဲ့အာဟာရအစာတွေပါ။
ကန်စွန်းဥကတော့ အကောင်းဆုံးအစားအစာပေါ့။ အရင်ဂျပန်က ကင်ဆာရောဂါအဖြစ်ဆုံးနိုင်ငံပါ။ ကင်ဆာရောဂါဖြစ်နှုန်းကျအောင်ဆိုပြီး ဂျပန်လူမျိုးတွေက နည်းအမျိုးမျိုး တွေးတောခဲ့ကြတယ်။ ဒါပေမဲ့ အကျိုးမရှိခဲ့ဘူး။ နောက်တော့ သူတို့က အသီးအနှံအမျိုး(၂ဝ)နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ အဲဒီအထဲမှာ ကန်စွန်းဥက အကောင်းဆုံးဆိုတာကို တွေ့လိုက်တယ်။ ကန်စွန်းဥအစိမ်း၊ အကျက်က ကင်ဆာကိုကာကွယ်ပေးတယ်၊ နှလုံးကိုကာကွယ်ပေးတယ်၊ သွေးကြောကို ပျော့ပြောင်းစေတယ်၊ ဝမ်းပျော့စေတယ်။
တကယ်လို့ ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အရာတွေအားလုံးက သုညပါ။
ကောင်းတဲ့ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အလုပ်အကိုင်၊ စီးပွားရေး... စတာတွေက သုညဖြစ်တယ်။ ကျန်းမာရေးကောင်းရင် ကျန်းမာရေး(၁)နောက်မှာ တခြားအရာ(သုည)တွေ လိုက်လာလိမ့်မယ်။ ဒီလိုဆိုရင် ၁ဝဝ, ၁ဝဝဝ, ၁ဝဝဝဝ တွေနဲ့ ဆတိုးဖြစ်လာမှာဖြစ်တယ်။ ကျန်းမာတဲ့ ၁ကိုပိုင်ဆိုင်ထားရင် တခြားအရာတွေ နောက်ကလိုက်လာပါတယ်။ ဒီလိုဆိုရင် ပျော်ရွှင်ကျန်းမာတဲ့ဘဝကို သင်ပိုင်ဆိုင်နိုင်ပါပြီ။
http://api.ning.com/files/-1l4SjOIKAgRAISUddcOropC8N9u5CEPLntECN5rwow4utR*fu5qpbxak9CaiXRKkGJhIJE29pWKkn7Wj8pYDL0M5IyBYbtD/Img255374326.jpg
မှတ်ချက်။ ။နိုင်းနိုင်စနေမှ ကူးယူတင်ပြပါသည်…ဖတ်စေချင်လို့ပါ….
စေတနာများစွာဖြင့်…..
မင်းမဟာ…..
          ၂၅.၁၀.၂၀၁၁-နေ့နေ့လည်၂း၄၄

Monday, 24 October 2011

.......လူပြည်မှထွက်ခွါသွားသူနှင့်ခရီးဝေးထွက်သူတို့အတွက်………


  ကျွန်ုပ်အိန္ဒိယရောက်ပြီးတစ်လကျော်လောက်အကြာ(၁၆.၁၀.၂၀၁၁-နေ့နံနက်၁၀း၁၀-နာရီ)မှာဘဲကျွန်ုပ်တို့မင်းမဟာမျိုးဆက်တို့ပေါက်ဖွားရာ မဟာတောရကျောင်းတိုက်ကြီးရဲ့
ဆဌမမြှောက်ဆရာတော်ဦးမာနိတ ဟာ ဘ၀နတ်ထံပျံလွန်တော်မူသွားတယ်……
ကျွန်ုပ်စဉ်းစားနေမိတယ်၊ဆရာတော်ပျံလွန်တော်မူသွားတော့၊ဆရာတော်သူ့နောက်ကိုဘာတစ်ခုမှယူ
ဆောင်မသွားနိုင်ခဲ့ဘူး။ဆရာတော်ဦးဆောင်ဆောက်လုပ်ထားတဲ့မဟာဓမ္မပါလဓမ္မာရုံကြီးနဲ့
ဆွမ်းစားကျောင်းဆောင်သစ်ကြီးတွေ ဘာတစ်ခုမှသယ်ဆောင်မသွားနိုင်ခဲ့ဘူး။
ဒီအတိုင်းအားလုံးထားပစ်ခဲ့ရတယ်။  ဆရာတော်ပြုလုပ်ထားတဲ့စေတနာဆိုတဲ့
ကမ္မသတ္တိ ကိုဘဲယူဆောင်သွားနိုင်ခဲ့တယ်။
ကတံ ကုသလာကုသလံကမ္မံ၊ဆာယာဝ အနုပါယိနီ၊
စက္ကံဝ ၀ဟတော ပဒံ၊(ဓမ္မ.ဌ.၁)အသက်ရှင်သန်စဉ်မှာမိမိပြုလုပ်ထားတဲ့ကုသိုလ်ကံ အကုသိုလ်ကံတွေဘဲ၊၀န်ဆောင်နွားလားနောက်ကိုလှည်းဘီးဟာအစဉ်တစိုက်လိုက်သကဲ့သို့၊သေသွားသူနောက်ကိုအရိပ်ပမာမခွဲခွါဘဲလိုက်ပါသွားလိမ့်မည်လို့။မြတ်စွာဘုရားရှင်ဟာ(ဓမ္မ.ဌ.၁.ယမက၀ဂ်)မှာဟောကြားထားခဲ့တယ်လေ….
၁၈.၁၀.၂၀၁၁-နေ့နံနက်မှာကျွန်ုပ်လုပ်ဆောင်ပေးနိုင်သောဗုဒ်ဓဘာသာတို့ရဲ့
ဓလေ့ထုံးတမ်းစဉ်လာအရ ကျွန်ုပ်တို့ဗာရာဏသီမြို့ ဆန်စစ်ကရစ်တက္ကသိုလ်ရှိ
ပညာသင်သံဃာတော်အရှင်မြတ်အပါး(၃၀)ကျော်ခန့်အားနေ့လည်အာဟာဒါန နေ့ဆွမ်း.အဖျော်ရည်.သစ်သီးဆွမ်းတို့ကိုဆက်ကပ်လှူဒါန်ပေးပြီး……
ညနေ မိဂဒါဝုန်မဟာဗောဓိပင်သို့သွားကာ မဟာသမယသုတ်.ပဌာန်းရွတ်ဖတ်ပူဇော်ကာ…
ကျွန်ုပ်နေစဉ်ပြုလုပ်အားထုတ်ထားသောကုသိုလ်ကောင်းမှု့အဖို့ဘာဂတွေနဲ့အတူ  ယနေ့ဆရာတော်အားရည်စူးမှန်းထားပြုလုပ်အပ်သောကုသိုလ်ကောင်းမှု့အဖို့ဘာဂတို့ကို
ဆရာတော်နှင့်တကွသုံးဆယ့်တစ်ဘုံးသားသတ္တ၀ါများအား အမျှအတန်းပေးဝေခဲ့ပါသည်။
ဒီနေရာလေးမှာ….ကျွန်ုပ်ပြောပြချင်တာကနော်….
ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ကိုယ်တိုင်ဘဲအသက်ရှင်သန်ဆဲမှာတတ်နိုင်သမျှ…မိမိနောက်ပါမည့်ကုသိုလ်တရားတွေများ
များပြုလုပ်အားထုတ်ထားဘို့နဲ့အကုသိုလ်တရားတွေနည်းနိုင်သမျှနည်းအောင်ရှောင်ကြဉ်ဘို့သိပ်လို
အပ်တယ်နော်….
ဘာလို့လဲဆိုတော့….ကိုယ်တိုင်လုပ်ဆောင်ထားပြီးမိမိနှင့်အတူတပါတည်းယူဆောင်သွားတာလောက့်ဘယ်အရာမှစိတ်မချရဘူးမဟုတ်ပါလားဗျာ။
သူတစ်ပါးပေးဝေမှရတဲ့ဘ၀ဟာမကောင်းဘူးဗျ၊သူတစ်ပါးကပေးဝေတယ်ဆိုတာလဲ..
ပေးတဲ့သူကလဲပေးမှ ယူတဲ့သူကလဲလက်ခံနိုင်မှရတာမဟုတ်လား…
အားလုံးသိကြတဲ့အတိုင်းဘဲလေ…ကိုယ့်မှာပိုမှရှန်မှပေးဝေနိုင်တာမဟုတ်လား၊ပေးဝေသူမှာဘာမှ
မရှိရင်…ဘာကိုပေးစွမ်းနိုင်မှာလဲနော်…ပြီးတော့…သူတို့ပေးဝေချိန်မှာကိုယ်ဟာဘယ်ဘုံ.ဘယ်ဘ၀မှာရောက်နေမှန်းမသိရဘူးနော်…
သူတို့ပေးဝေတာကိုလက်မခံနိုင်တဲ့ဘုံဌာနများကိုယ်ကရောက်နေရင် ပြီးရော ဘာမှမတတ်နိုင်တော့ဘူးနော်…သူတို့ဘယ်လောက်ဘဲပေးဝေနေပါစေ ကိုယ့်ထံရောက်မလာတော့ဘူးနော်….
ဥပမာ..နိုင်ငံရပ်ခြားတိုင်းတစ်ပါးကိုခရီးသွားသူတစ်ယောက်ဟာ မိမိနှင့်အတူလုံလောက်တဲ့ငွေကြေးပါရှိမှကောင်းတယ်နော်….ဟိုရောက်မှကိုယ်လှမ်းမှာလိုက်မယ်ဟေ့…မင်းတို့ပို့လိုက်နော်  အဲ့လိုမလုပ်ပါနဲ့…မသေချာဘူး..
မိမိနှင့်အတူပါလာတာကစိတ်ချရတယ်လေ….ပို့ပေးမယ်ဆိုတာက မသေချာ မရေရာဘူးနော်..မိမိကိုယ်တိုင်ကလဲဆက်သွယ်ရေးနယ်ပယ်အတွင်းမှာရှိနေမှဖြစ်မှာနော်မိမိကိုယ်တိုင်ကဆက်သွယ်မှုဧရိယာပြင်ပရောက်နေရင်တော့…ကယ်ဆယ်သူဝေးပြီနော်..
ဒုက္ခရောက်ပြီသာမှတ်ထားပေတော့နော်…
ကျွန်ုပ်စဉ်းစားမိသမျှအတွေးအမြင်လေးကိုပရိသတ်ကြီးအားမျှဝေပေးတာပါဗျာ
ဆရာကြီးလုပ်တာမဟုတ်ပါ…..ဒီblogလေးဖတ်ပြီးမိမိတို့ဘ၀တွေကိုအချိန်မှီပြင်ဆင်နိုင်ကြပါစေလို့
ဆန္ဒပြုလျှက်……..
                        မင်းမဟာ  ……..
                                                    ၂၃.၁၀.၂၀၁၁  နေ့ နံနက် ၈း၂၅

Saturday, 15 October 2011

……အချိန်ကောင်းကိုမလွန်စေချင်…..

           
အို….
        မိတ်ဆွေအပေါင်းတို့….
အတိတ်မှာဘာတွေဖြစ်ခဲ့တယ်၊ဘာတွေလုပ်ခဲ့တယ်၊မှားခဲ့တယ်၊မှန်ခဲ့တယ် ဒါတွေကို
ပြန်လည်စဉ်းစားတွေးတောမနေပါနဲ့၊နောင်တတွေလည်းရမနေပါနဲ့(လွန်သွားပြီး)ပြန်ပြီး
ပြုပြင်လို့မရတော့ဘူးလေ….
အနာဂတ်အကြောင်းကိုလည်း ကြိုတင်စဉ်းစား စိတ်ကူးယဉ် အိပ်မက် မက်မနေပါနဲ့
အနာဂတ်ဟာ(ရောက်မလာသေးဘူး)လက်တွေ့လုပ်ဆောင်လို့မရဘူးလေ….
အဓိကအရေးကြီးဆုံးက  ယခုလက်ရှိအချိန်ကောင်းကို အကျိုးရှိအောင်တကယ်အလုပ်
လုပ်ရင်းနဲ့ကုန်လွန်နေဘို့ပါဘဲနော်….
ဘာလို့လဲဆိုတော့….အချိန်သည် ရွှေထက်တန်ဖိုးကြီးပြီး စိန်ထက်ရှားတယ်လေ…
အတွေးအမြင်လေးပါ….
                 ကြိုးစားလျှက်….
                                  မင်းမဟာ ၁၆.၁၀.၂၀၁၁

……မီးဖိုချောင်မှမျက်ရည်……

                                 
၁၀.၁၀.၂၀၁၁ နေ့နံနက်မှစတင်ကာ စနေတစ်ပတ်ကျွန်ုပ်ထမင်းချက်အလှည့်ကျသည်၊
အခက်အခဲရှိမည်မဟုတ်ပါဘူးလို့ထင်ခဲ့မိသော်လည်း၊ကြက်သွန်နီလှီးရင်းနဲ့မျက်ရည်
တောက်တောက်ကျခဲ့ရပါသည်၊ပြီးတော့…ပါလခြောင် ပြန်ကြော်သောဒယ်အိုးထဲမှ ငရုပ်
ခိုးကြောင့်မျက်ရည်ပူကျ ချောင်းတဟွတ်ဟွတ်ဆိုးခဲ့ရသည်။
အဲ့ဒီအချိန်အဲ့ဒီနေရာလေးမှာ……အမေ့ကိုတအားတမ်းတသတိယမိပါသည်၊ ပြီးတော့ ဟင်းတစ်ခွက်ရဲ့တန်ဖိုးကိုနားလည်သဘောပေါက်လာခဲ့သည်။
ကျွန်ုပ်ငယ်စဉ်ကအမေသည်ခရမ်းခေါင်းသီးချက်ကျွေးဘူးပါသည်၊အဲ့ဒီခရမ်းသီးချက်
လေးကိုယနေ့အချိန်ထိမမေ့နိုင်သေးပါ၊မေ့နိုင်လိမ့်မယ်လို့လည်းကျွန်ုပ်မထင်မိပါ… အဘယ့်ကြောင့်ဆိုသော်….ကျွန်ုပ်ဖျားနာပြီး နာလံ ထစ အချိန် အခါတိုင်းအဲ့ဒီအမေ့လက်ရာလေးကို အမြဲတမ်းသတိယတမ်းတနေဆဲမို့ပါ….
လူတိုင်းမှာကိုယ်စီကိုယ်စီအမှတ်ရစရာတွေရှိစမြဲမဟုတ်ပါလား…ကျွန်ုပ်ဘ၀မှာယနေ့အချိန်အထိအမေ့လက်ရာခရမ်းခေါင်းသီးချက်လေးကိုမှီအောင်ချက်ပေးနိုင်သူတစ်ဦးတစ်ယောက်မျှမတွေ့ရှိသေးပါ…(ကိုယ်ကအရောက်အပေါက်နည်းလို့ဘဲလားပေါ့နော်)
ဒီနေ့ပေါ့မီးဖိုချောင်စ၀င်တဲ့နေ့လေးမှာ အမေ့ကိုသတိယသောအနေနဲ့ခရမ်းခေါင်းသီးကို
ချက်လိုက်ပါသည်၊အားလုံးအဆင်ပြေသည်ဟုထင်မှတ်ကာစိတ်ထဲမှာကြည်နူးဝမ်းသာ
နေပါသည်။
ဟော……
လာပါပြီဗျာ……
ကျွန်ုပ်နေ့လည်စာစားချိန်ရောက်လို့မီးဖိုချောင်ထဲဝင်ပြီး ထမင်းထည့်ဟင်းထည့်ပေါ့
ခရမ်းခေါင်းသီးချက်အိုးလေးကိုဖွင့်လိုက်တယ်….ငါကိုယ်တိုင်ချက်ထား
တာကွ(ငါ့လက်ရာ)ဆိုတဲ့အနေနဲ့ပေါ့…ပုထုဇဉ်သဘာဝ ကြွားချင်စိတ် ဂုဏ်ယူဝင့်ဝါချင်
စိတ်တွေနဲ့ပေါ့…ဒါပေမယ့် အဲ့ဒီစိတ်တွေဟာကြာကြာမတည်နိုင်ခဲ့ပါဘူး…ဟင်းကိုမြင်
လိုက်တော့အရမ်းအံ့သြသွားတယ်လေ….. ကျွန်ုပ်ချက်တုံးကတော့ဆီပြန်ချက်ပေါ့
ဒါပေမယ့် ဟင်းကဆီပြန်ချက်ဖြစ်မနေခဲ့ပါဘူး၊ရေပေါလောနဲ့လေ(တွေးကြည့်ပေါ့)…ကော်ထည့်ပြီးစားကြည့်လိုက်တော့…
အား ပါးပါး ဟင်းကပေါ့တော့တော့နဲ့ဘာလို လို့  လို နေမှန်းကိုကျွန်ုပ်မသိတော့ပါ၊
နားမလည်နိုင်တော့ပါ…အဲ့ဒီအချိန် အဲ့ဒီနေရာလေးမှာပြန်မထနိုင်သေးဘဲအမေ့ကို
တမ်းတသတိယကာကျွန်ုပ်လွမ်းမျက်ရည်၊၀မ်းနည်းမျက်ရည်ကျရပါတော့သည်ဗျာ…
စာနာ.နားလည် ပေးနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့…အတူနေသူငယ်ချင်းတွေကိုတောင်း
ပန်လျှက်….
                  အမေ့အတွက်အမှတ်တရ….
                                      မင်းမဟာ ၁၆.၁၀.၂၀၁၁

Thursday, 13 October 2011

…ကိုယ့်ကိုယ်ကိုသစ်တစ်ပင်နှင့်နှိုင်းယှဉ်သုံးသပ်ခြင်း…


ကျွန်ုပ်သည် သစ်ပင်လေးတစ်ပင်သာဖြစ်လိုက်ချင်ပါတော့သည်ဗျာ
ဘာကြောင့်လဲဆိုတော့…သစ်ပင်လေးတစ်ပင်ရဲ့ ဘ၀ဟာရာသီအလိုက်ဘဲ၊ရွက်ဟောင်း
တွေချွေလိုက်၊ရွက်နုတွေဝေလိုက်၊ပွင့်လိုက်၊သီးလိုက်ပေါ့…သစ်တစ်ပင်ရဲ့ ဘ၀ဟာ
အသစ်အသစ်တွေနဲ့ စိမ်းလန်းစိုပြေပြီးသာယာလှပနေတယ်လေ…..
ဆိုကြပါစို့ ဗျာ…..
ကျွန်ုပ်ပတ်ဝန်းကျင်ကဗန်ဒါပင်ကြီးပေါ့၊သူဆိုရင်…ဆောင်းရာသီကုန်ဆုံးခါနီးမှာဘဲ
သူရဲ့ သန္တာန်မှာကပ်တွယ်နေတဲ့ရင့်ရော်ဟောင်းနွမ်းခြောက်သွေ့ နေတဲ့သူ့ ရဲ့ (ခန္ဒာကိုယ်
အစိတ်အပိုင်းက)ရွက်ဟောင်းရွက်ဝါတွေကိုနွေဦးလေရူးတွေနဲ့ အတူခါချပြီး
စွန့်ပစ်လိုက်တယ်လေ…
ပြီးတော့ နွေဦးရာသီအစ သင်္ကြန်မိုးနဲ့အတူ သူ့ဘ၀ခန္ဒာသစ်ကိုစတင်လိုက်တယ်လေ
သူ့တစ်ပင်လုံးကိုဝေဆာစိမ်းလန်းနေတော့တာပါဘဲဗျာ….
နွေအလယ်မှာ သူများတွေ(အခြားသစ်ပင်တွေ)ရိုးတန်ကျဲကျဲနဲ့အဖော်မဲ့
အထီးကျန်ခြောက်သွေ့နေတဲ့အချိန်မှာ…သူကတော့စိမ်းလန်းစိုပြေနေတယ်လေ(လန်းနေတယ်ပေါ့)အသက်ရှိသတ္တ၀ါတွေရဲ့ အပန်းဖြေစရာ.နားခိုးစရာဖြစ်နေတယ်ဗျာ…
ကျွန်ုပ်အနီးအနားကဗန်ဒါပင်ကြီးကို ကျွန်တော်အားကျတယ်ဗျ…
ဘာလို့လဲဆိုရင်…
တစ်နှစ်တခါ သူသန္တာန်မှာရှိနေတဲ့အဟောင်းအညစ်တွေကိုစွန့်ပစ်နိုင်တယ်…
ကျွန်ုပ်မှာတော့ဗျာ အသက်ရှိလူသားတစ်ယောက်ဖြစ်နေလေတော့…ကျွန်ုပ်မှာရှိနေတဲ့စွဲလန်းနေတဲ့
သံယောဇဉ်တွေ၊မကျေနပ်မှုဒေါသတွေ၊နားလည်မပေးနိုင်မှုမောဟတွေ၊ထင်တိုင်းကြဲချင်တဲ့မာနတွေစသည်ဖြင့်ပေါ့ အကုသိုလ်တရားတွေကိုမစွန့်ပစ်နိုင်ဘူးဗျာ၊တစ်နှစ်လည်းမစွန့်ပစ်နိုင်ဘူး
နှစ်နှစ်သုံးနှစ်စသည်ဖြင့်ယနေ့အချိန်ထိမစွန့်ပစ်နိုင်သေးဘူးဗျာ…သေဆုံးသည်အထိများမစွန့်ပစ်နိုင်ခဲ့လျှင် ကျွန်ုပ်ဘ၀ရေတိမ်နစ်ပြီပေါ့…သိလျှက်နဲ့မိုက်တွင်းနက်နေဆဲပါဘဲဗျာ…
အချိန်မှီသာမစွန့်ပစ်နိုင်ခဲ့လျှင်လူဖြစ်ရှုံးပြီပေါ့(မျိုးကြီးရဲ့ အချိန်မှီသာပြင်ဆင်ခွင့်ရှိခဲ့ရင်)ဒီသီချင်းလေးကို
ကြားမိတိုင်းပြင်ဆင်လိုစိတ်တွေပေါ်လာမိတယ်….
ဒါပေမယ့်….
.ပုထုဇဉ်ငမိုက်သားတစ်ယောက်ဖြစ်နေတော့ ရုန်းထွက်ဘို့ခက်နေတယ်လေ…မသေခင်တော့
ကျွန်ုပ်ဘ၀ရဲ့ ယခုလက်ရှိအသိဥာဏ်နဲ့ပြင်ဆင်နိုင်လိမ့်မယ်လို့တော့ကိုယ့်ကိုယ်ကို
ယုံကြည်ထားမိပါတယ်ဗျာ…
အားလုံးလည်း ဒီအတွေးအခေါ်အယူအဆ blog လေးဖတ်ပြီးတာနဲ့ မိမိကိုယ်ကိုပြင်ဆင်နိုင်အောင်
ကြိုးစားကြပါလို့ တိုက်တွန်းရင်းနဲ့ဘဲ ရပ်နားပါရစေနော်…
မင်းမဟာ    13.10.2011

Tuesday, 11 October 2011

မင်းမဟာမျိုးဆက်သစ်ညီနောင်များသို့


…… မင်းမဟာအဓိဌာန်…..
 
တို့များတကာ မင်းမဟာမြေမှ၊
ဌာနေတပါး ရောက်၍သွားသော်၊
ဆင့်ပွါးပညာ ကျင့်သိက္ခာဖြင့်၊
ဆရာ့ကျေးဇူး မြင့်မိုရ်ဦးကို၊
ဆပ်နိုင်အောင်ပါ့ ကြိုးစားကြလော့….. 
 
မင်းမဟာ (၁၁.၁၀. ၂၀၁၁)

ငါဟာသစ်တစ်ပင်မဟုတ်ပါ



သစ်ပင်ဟာ…….
သူ့ကိုစွန့်ခွါသွားတဲ့ ရွက်ဝါလေးတွေကို
လွမ်းဆွေးတသ မနေဘဲ
ရွက်နုတွေနဲ့ 
သူ့ဘ၀ကိုပြန်လည် နုပျိုရှင်သန်စေတယ်လေ…..

ငါဟာ……
လူတစ်ယောက်ဖြစ်နေတော့
ငါ့ကိုစွန့်ခွါသွားတဲ့ ရွက်ဝါလေးကို
နေ့စဉ်ညတိုင်း တမ်းတသတိယနေမိတယ်လေ…..

ရွက်ဝါလေးရေ……
မင်းဘယ်ရင်ခွင်ဘဲ ရောက်နေနေ
ငါတမ်းတသတိယနေတယ် အမြဲတမ်းလေ….
မင်းမဟာ 
( ၁၁.၁၀.၂၀၁၁)

Saturday, 8 October 2011

ဘယ်ဒုက္ခပိုကြီးသလဲ?.....


ချစ်ခင် နှစ်သက်မြတ်နိုးသူတွေနဲ့ ခွဲခွါရခြင်းဒုက္ခနဲ့ ...မချစ်မနှစ်သက်သူတွေနဲ့ ပေါင်းသင်းဆက်ဆံရခြင်းဒုက္ခ.
.စာရေးသူသည်(စာရေးသူဆိုလို့ အထင်မကြီးလိုက်နဲ့ နော်အခုမှစရေးတာ)

၅-၉-၂၀၁၁-နေ ညနေ၄း၄၅-နာရီမှာ India-Air line နဲkolkata သို့ ထွက်ခွါလာခဲ့သည်။ ပညာတော်သင်ပေါ့(ခပ်ကြွားကြွားလေး)ပြောရရင်လေ၊

kolkata ကိုညနေ-၆း၄၅-နာရီမှာရောက်တယ်လေ၊ရာသီဥတုကမကောင်း Air-flyကညံ့ဆိုတော့ နောက်ကျတာပေါ့၊ ရာသီဥတုဖေါက်လို့ အားလုံးကစိတ်ပျက်နေကြပေမယ့်၊

စာရေးသူစိတ်မညစ်ခဲ့ပါ ၊စိတ်မပျက်ခဲ့ပါ၊ အဘယ့်ကြောင့်ဆိုသော် စာရေးသူအလုပ်တစ်ခုကို စတင်လုပ်ကိုင်တဲ့အခါတိုင်း အောင်မြင်ခြင်းရဲ့အတိတ်နိမိတ်အနေနဲ့ မိုးရွာပေး
တက်တယ်လေ၊ အဲ့ဒီလို အလုပ်တစ်ခုစတင်လုပ်ချိန်မှာ မိုးရွာတယ်ဆိုရင် စာရေးသူအတွက် အဲ့ဒီအလုပ်ဟာဘယ်လောက်ခက်ခဲကြမ်းတမ်းပါစေ နောက်ဆုံးမှာ
အောင်မြင်တာပါပဲ။ အင်း ဒီလိုနဲ့ လိုရင်းမရောက်ဘဲနေလိမ့်မယ်....

ပြောရရင် စာရေးသူဟာ မိမိချစ်မြတ်နိုးတဲ့ မိဘ.ညီအကို.မောင်နှမတွေ.သူငယ်ချင်း
အပေါင်းအသင်းတွေနဲ့တိုင်းပြည်နဲ့ လူမျိုးတွေအားလုံးအားလုံးကိုစွန့်  ခွါလာခဲ့ရတယ်(ခွဲခွါလာရတယ်ပေါ့)

၅-၉-၂၀၁၁-နေ့ ည-၇း၃၀နာရီမှာ kolkata သို့ လာကြိုသော
နောင်တော်ကြီးတွေနဲ့အတူငှါးလာတဲ့ကားနဲ့ ပုံပြင်(ရာဇ၀င်)ထဲကရှေးဟောင်းဗာရာဏသီမြို့ တော်ကြီးဆီသို့ ထွက်ခွါလာခဲ့ကြတယ်။

၆-၉-၂၀၁၁-နေ့ နံနက်၁၁း၃၀-နာရီခန့်မှာဗာရာဏသီမြို့တော်ရှိမြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်၊ လှိုက်လှဲပျူငှါစွာကြိုဆိုကြသည်၊

(၀မ်းသာကြည်နူးစရာမြန်မာ့ဓလေ့လေးပေါ့)။ထိုမှတဆင့် မိမိတို့ နေထိုင်ရမည့်စာရ်ဏသ်အရပ်(ကုလားအခေါ်)မိဂဒါဝုန်(မိမိတို့အခေါ်)သို့ဆက်သွားကြရသည်။
ဟော.....ရောက်ပါပြီ ဘုရားရှင်တရားဦးဟောသည့်မိဂဒါဝုန်အနီးရှိအိမ်တစ်ဆောင်ပေါ့၊အားလုံးအဆင်ပြေပါသည်၊ ချောမွေ့ပါသည်။

မိမိစိတ်ထဲမှာစဉ်းစားနေသည်ကား...
မိမိဘ၀တလျှောက်မှာ အမြဲတမ်းလိုလိုတွေ့ ကြုံရတတ်သည့် မိမိအပေါ်မှာမနာလိုဝန်တိုသူများနှင့် ရန်လိုမုန်းထားယှဉ်ပြိုင်လိုသူများနဲ့မတွေ့လို မမြင်လို မကြားလိုခြင်းအကြောင်းပင်တည်း။

သို့သော်လည်း - ၀ိပါက်ကြမ္မာမကင်းသာတော့ ကိုယ်ပြုသည့်ကံကိုယ်သာခံ-ဆိုသည်အတိုင်း-ဘ၀ါ-ဘဝေ-က
ကိုယ်ပြုထားခဲံ့တဲ့ဝိပါက်တွေက မနေရစ်ဘူးဗျာ(မြန်မာပြည်မှာ)။ဒီအထိလိုက်လာတယ်၊ ဘုရားရှင် တရားဦးဟောစဉ်ထဲက ဟောကြားထားတယ်လေ
ပီယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော လို့ပေါ့ ဒီတရားသဘောလေးဟာသိပ်ကိုတိုက်ဆိုင်တယ်၊ချဲ့ ပြရရင် မိမိနှစ်သက်မြတ်နိုး
ရတဲ့သူတွေနဲ့ ကွေကွင်းရခြင်းကြောင့် ရလာသည့် စိတ်ဆင်းရဲခြင်းဒုက္ခတွေဟာ အတူနေခဲ့ စားခဲ့ သောက်ခဲ့ သွားခဲ့တာတွေကိုပြန်ပြောင်းစဉ်းစားရင်းနဲ့ 
သတိရ ခြင်းတွေ လွမ်းဆွေးတသခြင်းတွေကိုပိုင်ဆိုင်ခွင့်ရှိနေတဲ့အတွက်ဖြေသာတယ်လေ၊သဘောပါရဲ့လား(ဒယ်အိုးလေသံ)အခုတော့ဒီလိုမဟုတ်ပါဘဲ(တွံတေးရဲ့လေးဆယ်
ကျော်အချစ်မဟုတ်ဖူးနော်)အပ်ပီယေဟိ သမ်ပယောဂေါ ဒုက္ခော ကိုဆိုလိုချင်တာ၊ မိမိမချစ်မနှစ်သက်မိမိနဲ့ သဘောထားမတိုက်ဆိုင်ဘာသာမတူလူမျိုးကွဲတွေကြားမှာ
လာရောက်နေထိုင်ပညာသင်ကြားရတယ်၊တွေးမိတိုင်းရင်နာစရာတွေလေ။ပြီးတော့ နေ့စဉ်နေ့တိုင်းပဲ ဆက်ဆံနေရတယ်လေ၊ဘယ်လိုဖြေရမလဲ၊စဉ်းစားပေးကြပါဦးနော်။

(ကိုယ့်ဒုက္ခ ကိုယ်လာရှာတာဘဲ ခံပေါ့ဟ)အီရောဟေ့....
တိုက်ဆိုင်မှု့လေးပေါ့နော် ဘုရားရှင်ဒုက္ခအကြောင်းစတင်ဟောကြားခဲ့တဲ့နေရာလေးမှာဘဲ၊ဒီသဘာဝတရားလေးတွေကိုတွေ့ ကြုံခံစားရပြီး ထုတ်ဖော်ရေးသားခွင့်ရတဲ့အတွက်ပါ။

ရင်ထဲကဝေဒနာကို အဖြေရှာရင်း ဘ၀တစ်ကွေ့ရဲ့အတွေ့အကြုံလေးကို blogar ဖွင့်လိုက်ရတယ်နော်။
အမှားပါရင်သည်းခံခွင့်လွတ်နိုင်ကြပါစေ.....မိမိကဲ့သို့မတွေ့ မကြုံကြပါစေနဲ့လို့ ဆန္ဒပြုရင်းနဲ့...

မင်းမဟာ ၈-၁၀-၂၀၁၁-နေ့ နံနက်၇း၄၅နာရီ


သင့်ရဲ့စကားတခွန်းလက်ဆောင်